ဒုတိယလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး (၄) နေရာ အတွက် လျှောက်ထားနိုင်

နေပြည်တော် ၂၂ ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာန  မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာနတွင် ခန့်ထားနိုင်ရန်အတွက် ဒုတိယလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး (လစာနှုန်းကျပ် ၁၅၀ဝဝဝ-၂၀ဝဝ-၁၆၀ဝဝဝ) ရာထူး (၄)နေရာအတွက် လျှောက်လွှာခေါ်ယူလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိထားသူများနှင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး ကွန်ပျူတာဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် တင်ပြနိုင်သူများ  လျှောက်ထားနိုင်ကြောင်း၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထား လျှောက်လွှာ ပေးပို့ရမည်ဖြစ်ကြောင်း၊ အသေးစိတ် သိရှိလိုပါက www.mlc.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

MDN