ဒုတိယသမ္မတ ဦးမြင့်ဆွေ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၂၆ ဇန်နဝါရီ

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီတို့မှ တာဝန်ရှိသူများ၊ အကြံပေးအဖွဲ့နှင့် ပညာရှင်အဖွဲ့တို့မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်က တည်ရှိခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တွေ့ရပြီး မြန်မာနိုင်ငံ၏အဖိုးမဖြတ်နိုင်သည့် ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခု ဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း။

မြန်မာတစ်မျိုးသားလုံး၏ အဖိုးမဖြတ်နိုင်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများအနက် (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါထိခိုက်ပျက်စီးမှုများကို ရှေးမူလက်ရာမပျက်၊ စနစ်တကျပြုပြင်ရန်နှင့် ရေရှည်ကြံ့ခိုင်စေရေးအတွက်ပါ ထည့်သွင်းစဉ်းစားပြုပြင်နိုင်ရေးအတွက်ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ()ခုနှင့် ဆပ်ကော်မတီ ()ခုတို့ကို ဖွဲ့စည်းခဲ့သည့်အပြင် အကြံပေးအဖွဲ့၊ ပညာရှင်အဖွဲ့နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကော်မတီများကဲ့သို့သော အခြားလိုအပ်သည့်အဖွဲ့များကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။

ယခု အစည်းအဝေးသည် ဦးစီးကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ယခင် အစည်းအဝေးများတွင် ဆုံးဖြတ်ချက် စုစုပေါင်း (၄၂)ချက် ချမှတ်ခဲ့သည့်အနက် ဆောင်ရွက်ပြီး (၃၉)ချက်နှင့် ဆောင်ရွက်ဆဲ ()ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ ()ချက်မှာ လိုအပ်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းရန်နှင့် ရေရှည်သင်တန်းကိစ္စရပ်များဖြစ်ပြီး ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုချက် ရယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုး (၃၈၉)ဆူကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း၊ ပြည်ပ ရှေးဟောင်း သုတေသနဆိုင်ရာပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် နည်းပညာတက္ကသိုလ်များ စသည့် ပညာရှင်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးမှုအရ လျာထားရေးဆွဲထားခဲ့သည့် စီမံချက်အတိုင်း ()နှစ်အတွင်း ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းရမည့် ဘုရား၊ စေတီပုထိုး (၃၈၉)ဆူရှိပါကြောင်း၊ အဆိုပါ (၃၈၉)ဆူအနက် ပြုပြင်ထိန်းသိမ်းပြီး (၃၈၈)ဆူနှင့် ပြုပြင်ထိန်းသိမ်းဆဲ ()ဆူဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းဆဲ ()ဆူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ()နှစ်ကြာ ရေရှည် အသေးစိတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီးဖြစ်ပါကြောင်း။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီပုထိုး (၃၈၉)ဆူကို သတ်မှတ်ထားသည့် ()နှစ်တာကာလအတွင်း ရာနှုန်းပြည့် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီဟု ဆိုရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းဆောင်ရွက်နေသည့် ()နှစ်တာကာလအတွင်း နောက်ထပ်ဘုရား (၁၁၀)ဆူကိုလည်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း၊ အဆိုပါ ဘုရားများကိုလည်း တစ်ဆက်တစ်စပ်တည်း ပြုပြင်ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် စုစုပေါင်း (၄၉၉)ဆူကို ()နှစ်တာကာလအတွင်း ပြုပြင်ပြီးဖြစ်ပါကြောင်း။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြသည့် အလှူငွေများကို လက်ခံရရှိခဲ့ပါကြောင်း၊ ရရှိခဲ့သည့် အလှူငွေများဖြင့် ငလျင်ဒဏ်သင့် ဘုရား၊ စေတီပုထိုးများကို ပြုပြင်ရာတွင် သတ်မှတ်ဖွဲ့စည်းထားသည့် ကော်မတီများ၏ စိစစ်ကြီးကြပ်မှုဖြင့် စနစ်တကျအကျိုးရှိရှိ သုံးစွဲပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကာလသည် ()နှစ်စီမံကိန်း ပြီးစီးပြီဖြစ်သည့်အတွက် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များကို နောင်ရေရှည် ဆက်လက် ထိန်းသိမ်းစီမံခန့်ခွဲသွားနိုင်ရန် အရေးကြီးပါကြောင်း၊ ကျန်ရှိသည့် အလှူငွေများကိုလည်း အဖွဲ့များဖွဲ့စည်း၍ စနစ်တကျစီမံခန့်ခွဲသုံးစွဲနိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ငလျင်ဒဏ်သင့်ဘုရား၊ စေတီပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့အမွေအနှစ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန်နှင့် နောင်ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၏ အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားပြီး ရှေးမူလက်ရာမပျက် ရေရှည်ကြံ့ခိုင်စေရန်အတွက် အားလုံးဆက်လက် ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှုထောင့်မှလည်း ရှုမြင်ရန် လိုအပ်သကဲ့သို့ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာပြီဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပက တာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်နေသည့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အကြံပြုချက်များအရ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း။

ယနေ့အချိန်ကာလသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် ပုဂံယဉ်ကျေးမှုဒေသကို ပြည်တွင်း၊ ပြည်ပဧည့်သည် လာရောက်မှုကျဆင်းသွားပြီး ပြီးခဲ့သည့်လများအတွင်း ပြည်ပဧည့်သည်လာရောက်မှု မရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဧည့်သည်လာရောက်မှု နည်းပါးသည့်ကာလအတွင်း ပုဂံယဉ်ကျေးမှု နယ်မြေရှိ အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများကိုသာမက လုံခြုံရေးကိုပါ တိုးမြှင့်၍ စနစ်တကျ စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ရှေးမူလက်ရာမပျက် ရေရှည်တည်တံ့ရေးအတွက် ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများအားလုံး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်အစိုးရကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင်သာမက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကြီး၏ လိုအပ်သည်များကို ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားကြစေလိုပါကြောင်း။

အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက်  ဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ UNESCO အဖွဲ့၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ COVID-19 ရောဂါကူးစက် ဖြစ်ပွားနေသည့်ကာလအတွင်း ပုဂံယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်း လှုပ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများကို Video Clip ဖြင့် ပြသသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့်ကာလဖြစ်သောကြောင့် ပုဂံဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့သည့်အခြေအနေ၊ ပြည်တွင်းခရီး သွားလာမှု ပြန်လည်မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စံချိန်စံညွှန်းများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံကငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ၂၀၁၆ ခုနှစ်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံ များထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ထိခိုက်ပျက်စီးခဲ့သော စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများအား အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ငလျင်ဒဏ်ခံရသည့် ဘုရားများအား ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ယခု ()နှစ်စီမံကိန်းဖြင့် ဆောင်ရွက်မှုပြီးစီးခဲ့ပြီဖြစ်၍ နောင်ရေရှည်ပြုပြင်ထိန်းသိမ်းမှုအတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်သောပုဂံကမ္ဘာ့ အမွေအနှစ်ဒေသထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေ၊ ပုဂံ Safe City Solution ဆောင်ရွက်မည့်အခြေအနေနှင့်  ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် အလှူငွေကောက်ခံရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်ငွေစာရင်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မန္တလေးနည်းပညာတက္ကသိုလ်၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ အောင်ကျော်မြတ်က ပုဂံဒေသသည် ငလျင်ကြောပေါ် တည်ရှိနေသဖြင့် အနာဂတ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဘုရား၊ စေတီပုထိုးများ ငလျင်ဒဏ်ခံနိုင်ရေးနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် မြန်မာပညာရှင်များနှင့် ပြည်ပပညာရှင်များ ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးဆန်းဦးက ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် UNESCO ကမ္ဘာ့အမွေ အနှစ်အထိမ်းအမှတ် ကျောက်တိုင်များ စိုက်ထူနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညောင်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက အလှူငွေကောက်ခံရရှိမှုများနှင့် သုံးစွဲမှုအခြေအနေများကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ငလျင်ဒဏ်သင့် ဘုရား၊ စေတီပုထိုးများ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့()မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုးဇော်က ငလျင်ဒဏ်သင့် ဘုရား၊ စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ကမ္ဘာ့အမွေအနှစ်စံချိန်စံညွှန်းများနှင့်အညီ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက် ()ချက် ချမှတ်ကာ အတည်ပြုချက်ရယူသည်။

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာ၌ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေး မှားယွင်းမှုကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး စောင့်ကြည့်ထိန်းကွပ်ပေးရန် လိုအပ်သည့်အတွက်ပုဂံဒေသနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နည်းစနစ်ပိုင်း၊ ထိရောက်မှုအပိုင်း၊ လိုအပ်ချက် အပိုင်းများကို ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာပူးပေါင်းကူညီမှုသည် တစ်ညီတစ်ညွတ်တည်းဖြစ်မည့်အပြင် တူညီသည့် နည်းစနစ်ဖြင့် ထိထိရောက်ရောက် ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ပုဂံသည် ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ဒေသတစ်ခုဖြစ်သည်နှင့်အညီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO က ပညာရှင်များ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီကိုပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဟု အမည်ပြောင်းလဲ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ လက်ကျန်အလှူငွေများအား စနစ်တကျစီမံခန့်ခွဲရေးနှင့် သုံးစွဲရေးတို့အတွက်အလှူငွေစိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီး ဖွဲ့စည်းသွားရန်နှင့် လုပ်ငန်းတာဝန်များကိုပါ သတ်မှတ်ပေးရန် ဆက်လက်ဆောင်ရွက်သွားရမည်ဖြ စ်ပါကြောင်း၊ ထို့အတူ လက်ကျန်အလှူငွေများကို ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ ခေါင်းစဉ်ဖြင့် စာရင်းဖွင့်ဆောင်ရွက်သွားရန်နှင့် နောင်လိုအပ်လာမည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် စနစ်တကျသုံးစွဲသွားရန်တို့ကိုလည်း စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ “Technical Expert Team (TET)” ကိုလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်စေပြီးပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းရန်နှင့် အဆိုပါအဖွဲ့အနေဖြင့် အနာဂတ်ကာလတွင် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရာတွင် ကမ္ဘာ့အမွေအနှစ်စံချိန်စံညွှန်းများနှင့် ညီညွတ်ပြီး စနစ်ကျသည့် ပြုပြင်ထိန်းသိမ်းမှုများဖြစ်အောင် ကြီးကြပ်စစ်ဆေးအကြံပြု ဆောင်ရွက်သွားရန်နှင့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဒေသခံများအနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။   

သတင်းစဉ်