ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပုဂံလူရည်ချွန်စခန်းသို့ရောက်ရှိလာသည့် နဝမတန်း လူရည်ချွန်မောင်မယ်များကို ကြိုဆိုနှုတ်ဆက်

နေပြည်တော် ဧပြီ ၂၇

နဝမတန်း လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တိုင်းရင်းသား ဘာသာ စကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ သပြေခက်များဖြင့် လည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူး များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာ တစ်လျှောက်မှလည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထူးချွန်ထက်မြက်သည့် ကျောင်းသားကျောင်းသူများကို စံနမူနာထားကာ ကျောင်းသား လူငယ်များကို ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံ ကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်းလူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၁၄၀) ၊ ဒသမတန်းလူရည်ချွန်ကျောင်းသား၊ကျောင်းသူ(၁၄၀) ၊ ဧကာဒသမတန်းလူရည်ချွန် ကျောင်း သား၊ ကျောင်းသူ (၁၃၇)ဦး၊ ဒွါဒသမတန်းလူရည်ချွန်ကျောင်းသား၊ကျောင်းသူ(၁၃၇)ဦး၊ စုစုပေါင်း လူရည်ချွန် ကျောင်းသား၊ကျောင်းသူ(၅၅၄) ဦးကို မွေးထုတ်နိုင်ခဲ့သည်။
 
ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြ မည့် အဆိုပါ လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် စခန်းမှ သက်ဆိုင်ရာလူရည်ချွန်အပန်းဖြေစခန်းမှူးများ၊ ကြီးကြပ်ဆရာဆရာမများနှင့်အတူ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်လူရည်ချွန် စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ်များ စတင်ထွက်ခွာခဲ့ကြသည်။ ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှူးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြာ ရေးမှူးချုပ် ဦးကျော်မိုးထွန်း ဦးဆောင်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နဝမတန်း(Grade-9) လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာဆရာများသည် နံနက် ၁၁ နာရီတွင် ပုဂံလူရည်ချွန်စခန်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်