ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ၅ နိုဝင်ဘာ  

 လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားပြီး ဈေးကွက်ဝင်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေး၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းရေးနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြင့်မားတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏပိုမိုဝင်ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူများက ကံပေါက် - မြိုင်ကလေး - ရန်ကုန် လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစားထိုးလဲလှယ်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

သတင်းစဉ်

 

DSC_0631