ဒုတိယဝန်ကြီး ဦးအောင်လှထွန်း Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၆   ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ  Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1

 

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရေးအတွက် မီဒီယာကဏ္ဍ၏ အရေးပါပုံ၊ လက်ရှိမြန်မာ့မီဒီယာလောက အခင်းအကျင်းနှင့် မီဒီယာကဏ္ဍတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

4

 

(သတင်းစဉ်)