ပညာရှိကြပါမှ သတ္တိရှိကြပါမှ
နေပြည်တော် ၂ စက်တင်ဘာ
ပညာဆိုသည်၏ အနှစ်သာရမှာ အမှားနှင့်အမှန်ကို ခွဲခြားနားလည်နိုင်ခြင်းဖြစ်သည်။ မည်သည်က မှားပြီး မည်သည်က မှန်သလဲ၊ သို့မဟုတ် မည်သည်က မည်မျှမှန်ကာ မည်သည်က မည်မျှမှားနေသလဲ ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး အကဲဖြတ်နိုင်ရန်မှာ ပညာဉာဏ် အမြော်အမြင်ပေါ်တွင် များစွာတည်ပါသည်။