ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆင်းသုခစပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေး

ကျောင်းကုန်း စက်တင်ဘာ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာ၊ ကွင်းအမှတ် ၃၈၅ ရှိ တောင်သူ (၉) ဦး စိုက်ပျိုးထားသော ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်း တစ်ကွင်းတစ်စပ်တည်း ဧက (၅၀) ၌ စပါးမျိုးကွဲ နုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲအား စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက ကြည့်ရှုကာ ကျေးရွာရှိ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

 

အဆိုပါ စပါးမျိုးကွဲများ၊ စပါးပန်းပွင့်ချိန်တွင် စနစ်တကျနုတ်ပယ်ခြင်းဖြင့် စပါးမျိုးကောင်းမျိုးသန့်များ ပိုမိုရရှိလာမည်ဖြစ်ပြီး မျိုးသန့်ထုတ်လုပ်ရေး လုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ရာ မျိူးကောင်းမျိုးသန့်များအား တောင်သူများ ပိုမိုသုံးစွဲလာနိုင်ပြီး စပါးအထွက်နှုန်းလည်း တိုးတက်လာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

mdn

 

စပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲသို့  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး) ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မျိုးသန့်စိုက်ပျိုးသော တောင်သူများ တက်ရောက်ခဲ့ကြသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)