နေပြည်တော် ၁၈ ဇန်နဝါရီ
မြန်အောင် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင် အား လစ်လပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရာထူးနေရာတွင် ခန့်အပ်တာဝန်ပေးအပ်ရန် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရပါတယ်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၈ ကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတမှ ပေးပို့လာသော ဝန်ကြီးချုပ်အသစ်၏ အမည်စာရင်း အဆိုပြုခြင်းကို လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးလွှတ်တော်၏ သဘောထားရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးတွင် မြန်အောင်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင် အား ကန့်ကွက်သူမရှိဘဲ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ကြောင်း သိရပါတယ်။
မျိုးထက်ဦး(MDN)