မြစ်ကြီးနား ၉ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်လူမျိုးရိုးရာယဉ်ကျေးမှု မနောပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ရာ လူငယ်များသီးသန့်မနောအက ထည့်သွင်းကျင်းပခဲ့သည်။