FACEBOOK ရဲ့ ဝင်ငွေ တိုးတက်လာကြောင်း သိရ

၂၆ ဧပြီ

 

Facebook ဟာ ၎င်းရဲ့ သုံးလတစ်ကြိမ် ဝင်ငွေစစ်တမ်းအရ ဇန်နဝါရီလကနေ မတ်လအထိ ဝင်ငွေဟာ သိသိသာသာ မြင့်တက်လာတယ်လို့ သိရပါတယ်။ ကြော်ငြာကနေ အဓိက ဝင်ငွေ တိုးတက်လာပြီး မနှစ်က ဒေါ်လာသန်း ၁၁.၉၇ ဘီလီယံထက် ၄၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဗုဒ္ဒဟူးနေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။ အသားတင် အမြတ်အနေနဲ့ ဒေါ်လာသန်း ၄.၉၉ ဘီလီယံ ရရှိပြီး မနှစ်ကထက် ၆၃ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လအလယ်လောက်က Facebook ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် ကျိုးပေါက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီပြဿနာက ကုမ္ပဏီရဲ့ စီးပွားရေးကိုတော့ မထိခိုက်ခဲ့ပါဘူး။

 

Facebook CEO မက်ဇူကာဘက်ကလည်း “အရေးကြီးတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ အသိုက်အဝန်းကတော့ ၂၀၁၈ မှာ ပိုပြီးတောင့်တင်း ခိုင်မာလာခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

 

MDN

ကိုးကား - အန်န်အိတ်ချ်ကေ