ဂျာမနီ နိုင်ငံက ခရစ်စမတ် ရာသီဈေးပွဲတော် ဖျက်သိမ်း

၂၇ အောက်တိုဘာ

 

 

ဂျာမနီနိုင်ငံ နျူရင်ဘတ်မြို့က ကမ္ဘာကျော် ခရစ်စမတ်ရာသီ ဈေးပွဲတော်ကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် ဖျက်သိမ်းကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့က ကြေညာပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ဘာလင်၊ ကိုလုံး အပါအဝင် ဂျာမနီနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကူးစက်မှု များလာတဲ့အတွက် အဲဒီမြို့တွေမှာ ကျင်းပမယ့် ခရစ်စမတ်ရာသီ ဈေးပွဲတော်တွေကို ဖျက်သိမ်းခြင်း သို့မဟုတ် အတားအဆီး တွေကြားကနေ ကျင်းပခြင်းတွေ ပြုလုပ်မယ်လို့ သိရပါတယ်။  

 

 

နျူရင်ဘတ် မြို့တော်ဝန်က မြို့ခံတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးရန်အတွက် ခရစ်စမတ် ဈေးပွဲတော်ကို ဒီနှစ်မှာ မကျင်းပဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ကြောင်း ပြောပါတယ်။

 

 

နျူရင်ဘတ် ခရစ်စမတ် ဈေးပွဲတော်ဟာ ဂျာမနီ နိုင်ငံသားနဲ့ နိုင်ငံခြားတွေ အပါအဝင် လူပေါင်း သန်း ၁၆၀ နီးပါး လာရောက်လေ့ ရှိပါတယ်။ အဲဒီဈေးပွဲတော်ကနေ ဝင်ငွေ ယူရို ၃ ဘီလီယံ ကနေ ၅ ဘီလီယံ  (အမေရိကန် ဒေါ်လာ ၃.၆ - ၅.၉ ဘီလီယံ) အထိ ရရှိကြောင်း သိရပါတယ်။

 

 

နျူရင်ဘတ် ခရစ်စမတ် ဈေးပွဲတော်ဟာ ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးနဲ့ ရှေးအကျဆုံး ဈေးပွဲတော် ဖြစ်ပါတယ်။

 

 

ဂျာမနီ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စပြီးများလာရာ နေ့စဉ် ပိုးတွေ့ရှိသူ ၁၀,၀၀၀ ကျော် ရှိနေတာကို တွေ့ရပါတယ်။

 

 

ဂျာမန် ဝန်ကြီးချုပ် ကလည်း ခရစ်စမတ်ပွဲတော်ကို ဘယ်လိုပုံစံမျိုး ပြုလုပ်သွားမယ် ဆိုတာကို လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ဆုံးဖြတ်မယ်လို့ ပြီးခဲ့တဲ့ စနေနေ့က ပြောထားပါတယ်။

 

 

ဂျာမနီ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၃၇,၈၆၆ ဦးနဲ့ သေဆုံးသူ ၁၀,၀၅၆ ဦးရှိကြောင်း ဂျာမနီ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP