ဂျာမနီနိုင်ငံ အနောက်ပိုင်း အက်ဆန်မြို့၌ အထပ်မြင့်အဆောက်အအုံ မီးလောင်

ဘာလင် ဖေဖော်ဝါရီ ၂၃

 

ဂျာမနီနိုင်ငံ အနောက်ပိုင်း အက်ဆန်မြို့တွင် အထပ်မြင့် အဆောက်အအုံ မီးလောင်မှုကြောင့် တိုက်ခန်း ၃၉ ခန်းပျက်စီး ခဲ့ရပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့သည်။

 

မီးဘေးဒဏ်ကို လူပေါင်း ၁၂၈ ဦး ခံစားခဲ့ရကြောင်း မြို့တော် သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ မီးသတ်သမားများရောက်ရှိလာစဉ် မီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိကြောင်း မြို့တော် မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။

 

မီးလောင်မှုနောက်ပိုင်း စုံစမ်းစစ်ဆေးမှုများကို ရဲတပ်ဖွဲ့က ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လေပြင်းတိုက်ခတ်မှုကြောင့်လည်း မီးလောင်မှုကို ပိုမိုပျံ့နှံ့စေခဲ့ကြောင်း မီးသတ်ဌာနက ပြောသည်။

 

မီးလောင်မှုအပူဒဏ်ကြောင့် ပြတင်းပေါက်များ အရည်ပျော်ကျ ပျက်စီးခဲ့ရသည်။

 

ဆင်ဟွာ