ဂျာမနီနိုင်ငံသားများအား ဗိုင်းရပ်စ်ပိုးကူးစက်မှု လျော့သွားအောင် ဝိုင်းဝန်းလုပ်ဆောင်ရန် ဝန်ကြီးချုပ် ဆော်ဩ

၃ အောက်တိုဘာ

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု လျော့ကျသွားအောင် ပြဋ္ဌာန်းထားတဲ့ တင်းကြပ်သော အသွားအလာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရန် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ် က ဆော်ဩလိုက်ပါတယ်။

 

တင်းကြပ်တဲ့ အသွားအလာကန့်သတ်မှု စတင်တဲ့ တနင်္လာနေ့ကစပြီး စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ကော်ဖီဆိုင်တွေ ပိတ်ထားရသလို ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေနဲ့ အပန်းဖြေနေရာတွေကို ပိတ်ထားလိုက်ပါတယ်။

 

နိုဝင်ဘာလမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုလျော့ကျသွားအောင် ဝိုင်းဝန်းလုပ်ဆောင်မှ ခရစ်စမတ်အချိန်မှာ လွတ်လွတ်လပ်လပ် စုဝေးခွင့်တွေ ရနိုင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ နဲ့ ဆိုင်တွေကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးထားပြီး လူတွေကို တတ်နိုင်သလောက် အိမ်မှာပဲနေဖို့ တိုက်တွန်းထားပါတယ်။

 

တနင်္လာနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၂,၀၉၇ ဦး ရှိရာ စုစုပေါင်း ပိုးတွေ့ရှိသူ ၅၄၅,၀၂၇ ဦး ရှိကြောင်း နဲ့ သေဆုံးသူ စုစုပေါင်း ၁၀,၅၃၀ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား- AFP