ဂျိမ်းစ်ဘွန်း ဇာတ်ဝင်တေးနဲ့ စံချိန်သစ်တင်လိုက်တဲ့ ဘီလီအဲလစ်ရှ်

၂၅ ဖေဖော်ဝါရီ

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ဘီလီ အဲလစ်ရှ်ဟာ မကြာသေးမီက စတင်ထုတ်လွှင့် ပေးခဲ့တဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်အတွက် သီဆိုပေးထားတဲ့ သူ့ရဲ့တေးသီချင်း No Time To Die နဲ့ လတ်တလောမှာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဆယ်ကျော်သက် ပေါ့ပ်တေးသံရှင်တစ်ဦး ဖြစ်သူ ဘီလီအဲလစ်ရှ်ဟာ ဂျိမ်းစ်ဘွန်း ဇာတ်ဝင်တေးကို သီဆိုခွင့်ရခဲ့တဲ့ အသက် အငယ်ဆုံးသော တေးသံရှင်အဖြစ် မှတ်တမ်း ဝင်ထားပြီး အဆိုပါ တေးသီချင်းဟာ လတ်တလောမှာ ဗြိတိန်တေးဂီတဇယားတွေမှာ အဖွင့်သီတင်းပတ်အတွင်း နားထောင်သူ အများဆုံးသော တေးသီချင်းအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဘီလီအဲလစ်ရှ်နဲ့ သူ့ရဲ့ အစ်ကိုဖြစ်သူတို့ တွဲဖက်ရေးသားထားတဲ့ အဆိုပါ တေးသီချင်းဟာ တေးဂီတဇယားမှာ ကိုးသောင်းခန့် ရောင်းချခဲ့ရပြီး ၁၀ ဒသမ ၆ သန်းခန့် ထုတ်လွှင့်ပေးခဲ့ရကာ ဒီလိုအရေအတွက်ဟာ လက်ရှိအချိန်အထိ တေးသီချင်းတစ်ပုဒ်အနေနဲ့ ပမာဏအများဆုံး ရောင်းချထုတ်လွှင့်ခဲ့ရတာဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်