ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားအသစ် ရုံတင်ရက် ရွေ့ဆိုင်း

၅ မတ်

 

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားအသစ် "No Time to Die" ကို ရုံတင်ရက် ရွေ့ဆိုင်းလိုက်ကြောင်း ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ကို မူလက ဧပြီလမှာ ရုံတင်ဖို့ရှိပေမယ့် ကိုဗစ်19ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့အတွက် နိုဝင်ဘာလအထိ ရုံတင်ရက်ကို ရွေ့ဆိုင်းလိုက်ကြောင်း မနေ့က ထုတ်ပြန်ကြေညာပါတယ်။

 

လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားအသစ် "No Time to Die" ကို လန်ဒန်မြို့မှာ အထူးပွဲအဖြစ်ပြသပြီး ဧပြီလမှာ ကမ္ဘာတစ်ဝန်းမှာ ပြသဖို့ မူလက ရည်ရွယ်ထားပါတယ်။

 

"No Time to Die" ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားအသစ်ကို ဗြိတိန်နိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်နေ့မှပြသပြီး အမေရိကန်နိုင်ငံမှာတော့ နိုဝင်ဘာ ၂၅ မှာ ပြသမယ်လို့ ရွေ့ဆိုင်းသတ်မှတ်လိုက်ပါတယ်။

 

"No Time to Die" ဟာ ဒန်နီရယ် ခရိုက်ရဲ့ 007 ဇတ်ကောင်အဖြစ် နောက်ဆုံးသရုပ်ဆောင်မယ့် ဇာတ်ကား ဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP