ဂျိုး ဘိုင်ဒင်  ကျမ်းသစ္စာဆိုပွဲ မတိုင်ခင် ထရမ့် ဝါရှင်တန်ဒီစီကနေ ထွက်ခွာမယ်

၁၆ ဇန်နဝါရီ

 

လာမယ့် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာဆိုပွဲမှာ ဖြစ်ပါတယ်။

 

အဲဒီနေ့နံနက်စောစောမှာ သမ္မတ ထရမ့်က အိမ်ဖြူတော် နဲ့ ဝေးရာကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားမယ်လို့ တာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။ သမ္မတရာထူးကနေ စွန့်ခွာမယ့်သူက နောက်ဆက်ခံလာမယ့် သမ္မတ ကျမ်းသစ္စာဆိုပွဲကို တက်ရောက်ခြင်း မရှိတာဟာ နှစ်ပေါင်း ၁၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထရမ့်က လုပ်ဆောင်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ထရမ့်ဟာ အိမ်ဖြူတော်ကနေ စွန့်ခွာပြီး သူတရားဝင်နေထိုင်မယ့် နေရာဖြစ်တဲ့ ဖလော်ရီဒါရှိ Mar-a-Lago ဂေါက်ကလပ်ကို ဗုဒ္ဓဟူးနေ့မှာ ပြောင်းရွှေ့နေထိုင်မယ်လို့ သိရပါတယ်။ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲခိုးမှုရှိတယ်ဆိုပြီး နှစ်လကျော်ကြာ မဲရလဒ်ကို ပြောင်းသွားအောင် ထရမ့် လုပ်ဆောင်ခဲ့ပေမယ့် ဇန်နဝါရီ ၆ ရက်နေ့မှာ ဘိုင်ဒင်ကို အနိုင်ရကြောင်း ကွန်ဂရက်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

 

အဲဒီနေ့မှာပဲ ထရမ့်ထောက်ခံသူတွေက ကွန်ဂရက်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီတိုက်ခိုက်မှုဟာ ထရမ့်မှာ တာဝန်ရှိကြောင်း စွပ်စွဲပြီး ထရမ့်ကို ရာထူးမှထုတ်ပယ်ရန် ဒုတိယအကြိမ် တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့က ဒုတိယသမ္မတ မိုက်ပန့်စ်က နောက်တက်လာမယ့် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ဖုန်းကနေ တစ်ဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn