ဂါဇာဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၃၁၇၅ ဦးရှိလာ

ဧပြီ ၈

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၃၁၇၅ ဦး ရှိလာကြောင်း ဂါဇာဒေသရှိကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၈ ဦး သေဆုံးခဲ့ပြီး အခြား ၇၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေး-ဟားမတ်စ် ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူ ၃၃၁၇၅ ဦးနှင့် ဒဏ်ရာရသူ ၇၅၈၈၆ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် ယမန်နေ့ကဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်သားလေးဦးသေဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်ကဆိုသည်။ ထိုဒေသတွင် မြေပြင်စစ်ဆင်ရေးစတင်ဖြစ်ပွားပြီးနောက်ပိုင်း စစ်သား ၂၅၆ ဦးအပါအဝင် ၆၀၄ ဦး သေဆုံးခဲ့ပြီး တိုက်ပွဲကာလအတွင်း မတော်တဆမှုများကြောင့် ၄၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိစစ်ပွဲကာလ ၆ လပြည့်တွင်  အစ္စရေးစစ်တပ်၏ ထုတ်ပြန်သောအချက်အလက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို