ဂျက်ဖာဆန်စင်တာမှာ မတ်လအတွင်း LGBT ရုပ်ရှင်ပွဲတော်ကျင်းပမည်

မန္တလေး  ၂၆ ဖေဖော်ဝါရီ 


မန္တလေးမြို့မှာ LGBT ရုပ်ရှင်ပွဲတော် မတ်လ ၂ ရက်နေ့နှင့်  ၃ ရက်နေ့တွင် မန္တလေးမြို့ ဂျက်ဖာဆန် စင်တာမှာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။


LGBT ရုပ်ရှင်ပွဲတော်တွင် သရုပ်ဖော်တင်ဆက်မှုများ ၊ ဓာတ်ပုံပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


" LGBT အချင်းချင်း တွေ့ဆုံဖို့ရည်ရွယ်ပါတယ်။ အချင်းချင်း တွေ့ဆုံဖို့ဆိုတာ မန္တလေးမှာ မရှိသလောက်ရှားပါတယ်။ LGBT Network ဖြန့်ကျက်ချင်တာရယ် ၊ ကြုံတွေ့နေရတဲ့ အခက်ခဲတွေ ချပြချင်တယ် LGBT ဆိုတာ လူသားတွေပါ ပဲဆိုတာ သိစေချင်တယ် "ဟု ANDPROUD ၏ Co-Founder  ဖြစ်သူ Willen Van Rooij မှ ပြောသည်။


LGBT ရုပ်ရှင်ပွဲတော်တွင်  CAN-Myanmar ၊ TRY ၊  Bright Pride Myanmar Lesbian Organization ၊ PFLAG-Myanmar တို့နှင့်အတူ ANDPROUD တို့မှ ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင်ပွဲတော်တွင် ဆွေးနွေးမှုစကားဝိုင်းများ ၊ မေးခွန်းများဖြေကြားခြင်းနှင့် အဆိုတော် စန္ဒီမြင့်လွင် ၊ ဇွန်ဝေယံ တို့က ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်