ဂျမေကာကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၇ ပမာဏ ငလျင်လှုပ်ခတ်

၂၉ ဇန်နဝါရီ

 

ဂျမေကာကမ်းလွန်တွင် ယမန်နေ့က ပြင်းအား ၇ ဒသမ ၇ ပမာဏ ငလျင်လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ ထိုသမုဒ္ဒရာမှ ဝေးရာတွင် နေထိုင်ကြရန် ဒေသခံများကို ဂျမေကာ အစိုးရက တိုက်တွန်းပြောကြားထားသည်။

 

4

 

ဂျမေကာနိုင်ငံမှ ၁၀၀ ကီလိုမီတာအကွာတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာစစ်တမ်းက ဆိုသည်။

 

အဆိုပါ ငလျင်ဗဟိုချက်အနက် မှာ ၁၀ ကီလိုမီတာ ခန့်ရှိသည်ဟု  ခန့်မှန်းထားသည်။

 

ဂျမေကာ နှင့် ကျူးဘားနိုင်ငံ အစိုးရများအနေဖြင့် ထိုငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်သည့် အဓိက ပျက်စီးဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှု သတင်းများ မရရှိသေးပေ။

 

5

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို