ဂွမြို့၊ (၁၁)မိုင်အနီး ဂွ-ငါးသိုင်းချောင်းကားလမ်းတွင် တရာမဝင်သစ်ခွဲသားများ တင်ဆောင်လာသည့် ယာဉ်တစ်စီးအား ဖမ်းဆီးရမိ

ဂွ   ဒီဇင်ဘာ   ၂၉

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ (၁၁)မိုင်အနီး ဂွ-ငါးသိုင်းချောင်းကားလမ်းတွင် တရာမဝင် သစ်ခွဲသားများ တင်ဆောင်လာသည့် ယာဉ်တစ်စီးအား ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ပူးပေါင်းရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

တရာမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် ဝန်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းရေးအဖွဲ့သည် ဂွ-ငါးသိုင်းချောင်း ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ဒေါင့်ချောင်းကျေးရွာအုပ်စု ဒေသအခေါ် (၁၁)မိုင်အနီး ဂွ-ငါးသိုင်းချောင်း ကားလမ်းတွင် ယာဉ်မောင်း ဦးညီထွန်း (၂၆)နှစ် မောင်းနှင်လာသည့်  ယာဉ်အမှတ် 9B/----- NISSAN  ၁၀ ဘီး အပြာရောင် ယာဉ်ပေါ်တွင်  တရာမဝင် တောင်သရက်ခွဲသား ၆၃ ချောင်း တင်ဆောင်လာကြောင်း  စစ်ဆေးတွေ့ရှိရသဖြင့် ဂွမြို့ရှိ အမှတ်(၈၅) သစ်စက်သို့ သယ်ဆောင်ကာ သစ်တိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ပြီး အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်