ဂျွန်စီနာနဲ့ တွဲဖက်ရိုက်ကူးသွားမယ့် ရုပ်ရှင်သစ်အကြောင်း ဝိန်းဂျွန်ဆင် ဖွင့်ဟ

၂ မေ


ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အောင်မြင်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်တဲ့ ဝိန်းဂျွန်ဆင်က လတ်တလောမှာတော့ ဂျွန်စီနာနဲ့အတူ တွဲဖက်ဖန်တီးသွားမယ့် ရုပ်ရှင်အကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဝိန်းဂျွန်ဆင်ဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ ရုပ်ရှင်သစ်အတွက် ဇာတ်ဆောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ဝိန်းဂျွန်ဆင်က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ သူထုတ်လုပ်သွားမယ့် ရုပ်ရှင်သစ် “The Janson Directive”အတွက် ဇာတ်ဆောင်မင်းသားအဖြစ် ပရော်ဖက်ရှင်နယ်နပန်းသမား ဂျွန်စီနာ ပါဝင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

 

“The Janson Directive”ရုပ်ရှင်ဟာ ယင်းနာမည်နဲ့ပင် ထုတ်ဝေခဲ့ပြီးဖြစ်တဲ့ ဝတ္ထုရှည်ကို ပြန်လည်အသက်သွင်း သွားမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဆောင်အဖြစ် ဂျွန်စီနာကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ဝိန်းဂျွန်ဆင်က “ကျွန်တော်နဲ့ ဂျွန်မိတ်ဆွေတွေဖြစ်ခဲ့ကြတာ နှစ်တွေအတော်ကြာပါပြီ၊ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် သူလည်း အလွန်စိတ်လှုပ်ရှားနေပါတယ်၊ သူပါဝင်သွားဖို့အတွက် လက်ခံခဲ့ပြီးတဲ့နောက် ကျွန်တော် လည်း သူ့အတွက် စိတ်လှုပ်ရှားနေမိပါတယ်” လို့ အင်စတာဂရမ်စာမျက်နှာပေါ်မှာရေးသားဖော်ပြခဲ့ပါတယ်။

 

ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဝိန်းဂျွန်ဆင်တို့ ပူးပေါင်းထုတ်လုပ်သွားမယ့် “The Janson Directive”ရုပ်ရှင်မှာတော့ တစ်ချိန်က ဝိန်းဂျွန်ဆင်နဲ့ ကြိုးဝိုင်းပေါ်မှာ ပြိုင်ဘက်တွေအဖြစ် ရှိခဲ့ကြဖူးတဲ့ ဂျွန်စီနာက အဓိကဇာတ်လိုက်အဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


အေးပြည့်