ဂန့်ဂေါမြို့ မြို့မဈေးတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊မရှိစစ်ဆေး

ဂန့်ဂေါ ၂၁  နိုဝင်ဘာ

 

ဂန့်ဂေါမြို့ မြို့မဈေးတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် စားသုံးရန် မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ၊မရှိ  နိုဝင်ဘာ ၂၀ ရက်က စားသောက် ကုန် ရောင်းချသည့်ဆိုင် ၇ ဆိုင်တွင် စစ်ဆေးကြကြောင်း သိရသည်။

 

၂

 

“ ဈေးဆိုင် ၇ ဆိုင်ကို စစ်ဆေးရာမှာ ၂ ဆိုင်က မှိုအနည်းငယ်ပါတဲ့ ဂျင်းပေါက် ရယ်၊ အသားတုရယ် တွေ့ရှိရတဲ့အတွက် ပညာပေးဆွေးနွေးမှုပြုခဲ့ပါတယ် ” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်စိုးယုဆွေက ပြောသည်။

 

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်း၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဦးဝင်းနိုင် ၊ ဈေးတာဝန်ခံ ဦးညီညီမောင် ၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနမှ ဒေါ်ခင်သူဇာမြင့် တို့ ပါဝင်ကြောင်းနှင့် စစ်ဆေး၊ ပညာပေးဆွေးနွေးမှုကို ၄ လ တစ်ကြိမ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

(၁၄၄)