ဂန့်ဂေါမြို့နယ်  ကျွန်းခုံသာရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ဂန့်ဂေါ  ၂၇  ဧပြီ

 

ဂန့်ဂေါမြို့နယ် ကျွန်းခုံသာကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ကျေးရွာတွင်းလမ်းဖြစ်သည့် ရွာလယ်လမ်းအား မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာ ယခုအခါပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းကို ယခင်မြေသားလမ်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၌ အလျား ၂၇၀ဝ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက္မရှိ လမ်းအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပြီးစီးမှုအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးရဲညွန့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းတို့ ပါဝင်သည့် အဖွဲ့သည် ဧပြီ ၂၆ ရက် တွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

 

ကျော်သန်းဆွေ