ဂန့်ဂေါမြို့နယ်တွင်  ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းကြီးကြပ်

မကွေး   ၁၈    ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ချောင်းကောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေးနှင့် မြို့နယ်ဝန်ထမ်းများက လမ်းကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

 

85203.00000000.

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းကောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊  အမြင့် ၁ ပေ ၉ လက်မထု ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် မြေနီ ကျောက်စရစ် ခင်းခြင်း၊ ရေပြွန်(၄)စင်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဒသမ ၉၆၂ သန်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

693

 

ချောင်းကောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ လယ်ယာမြေ ဧက ၁၅၀ ကျော် အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ လယ်ယာများမှထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

5

 

ဇော်မင်းဌေး