ဂန့်ဂေါ၌ စွန့်လွှတ်မြေ လွှဲပြောင်းအပ်နှံ

ဂန့်ဂေါ  ၂၄  ဇူလိုင်

 

စွန့်လွှတ်မြေလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့က ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို က အမှာစကားပြောကြားပြီး ဂန့်ဂေါမြို့နယ် မြေ/စစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇာနည်အောင် က မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် အဖွဲ့ဝင်များက စွန့်လွှတ်မြေဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများအား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်။

 

အဆိုပါမြေမှာ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်ရှိ ကွင်းအမှတ် (၄) ဦးပိုင်အမှတ် (၁၆၆) ဖြစ်၍ မြေဧရိယာ ၆ ဒသမ ၄၉၃ ဧကရှိကြောင်း သိရသည်။

 

တောင်သားမောင်သန်း

 

e MYAY 1