ဂန့်ဂေါတွင် စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ အဆောက်အဦ ဆောက်လုပ်

ဂန့်ဂေါ ၈ ဇန်နဝါရီ

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာအုပ်စု ၁၄ ခုအတွက် နည်းပညာ ပြန့်ပွားရေးစင်တာ အဆောက်အဦသစ်ကို တောင်ခင်ရန်းကျေးရွာတွင် ဆောက်လုပ်ထားရာ မကြာမီကာလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"တောင်ခင်ရန်းရွာက ဂန့်ဂေါမြို့နယ်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၁၄ ခုရဲ့ အလယ်ဗဟိုမှာရှိတော့ တောင်ခင်ရန်းရွာမှာပဲ နည်းပညာပြန့်ပွားရေးစင်တာကို ဆောက်လုပ်တာ ဖြစ်ပါတယ်" ဟု စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

 

mdn

 

အဆိုပါ နည်းပညာပြန့်ပွားရေး စင်တာနယ်မြေတွင် နှမ်း၊ စပ်မျိုးနေကြာ၊ ပဲတီစိမ်းစသည်ဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍ တောင်သူများထံ ဖြန့်ဝေပေးခြင်း၊ သီးနှံစမ်းသပ်ကွက် စိုက်ပျိုးပြသခြင်းများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။

နည်းပညာပြန့်ပွားရေးစင်တာ အဆောက်အဦးသစ် ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးသွားလျင် စိုက်ပျိုးရေးဆိုင်ရာ ပြခန်းများ၊ စာဖတ်ခန်းများ ပါဝင်မည်ဖြစ်ကာ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကို တောင်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ကြမည်ဖြစ်ပြီး တောင်သူပညာပေးဟောပြောပွဲများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး လုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။


ခရိုင်ပြန်/ဆက်

 

mdn