ဂျပန် နှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဖလှယ်မှု သဘောတူညီချက် တောင်ကိုရီးယား ရပ်ဆိုင်းမှုကို အမေရိကန် စိတ်ပျက်

၂၃ သြဂုတ်


ဂျပန်နိုင်ငံ  နှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဖလှယ်မှု သဘောတူညီချက် ရပ်ဆိုင်းမှုရန် တောင်ကိုရီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို အမေရိကန် ကာကွယ်ရေးဌာနက စိတ်ပျက်မိကြောင်း နှင့် အင်မတန် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


တောင်ကိုရီးယားနိုင်ငံသည် ယမန်နေ့က ထိုဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ပင်တဂွန် က ယင်းသို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား  ဆက်နွှယ်မှုမှာ အခြားနယ်မြေများတွင် သဘောထားကွဲလွဲမှုများရှိသော်လည်း အပြန်အလှန်ကာကွယ်ရေး နှင့် လုံခြုံရေး ကိစ္စရပ်များ တည်တံ့ခိုင်မြဲမှု ဆက်လက်ရှိနိုင်သည်ဟု အမေရိကန်အနေဖြင့် ခိုင်ခိုင်မာမာယုံကြည်ပါကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။


တောင်ကိုရီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို ကလည်း  ကနေဒါ သတင်းထောက်များကို ထုတ်ဖော်ပြောကြားသည်။


တောင်ကိုရီးယားနိုင်ငံက ယင်းသို့ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် မိုက်ပွန်ပီအို သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျော်ဝှား နှင့် ပြောဆိုခဲ့သည်ဟု ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။


ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့ အပြန်အလှန်ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက တိုက်တွန်းနေကြောင်း မိုက်ပွန်ပီအို က ပြောကြားခဲ့သည်။


ကိုးကား- အန်အိတ်ချ်ကေ


ဘာသာပြန်- မြင့်မြင့်ချို