ဂျပန် ၊ တောင်ကိုရီးယား ၊ တရုတ် နိုင်ငံတို့မှ ယဉ်ကျေးမှုဝန်ကြီးများ  သဘောတူညီချက် ပူးပေါင်းပါဝင်လက်မှတ်ရေးထိုး

၃၀ သြဂုတ် 

 

၂၀၂၀ တိုကျို အိုလံပစ် နှင့် မသန်စွမ်းအားကစားပွဲများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် လူငယ် ဖလှယ်ရေး ပရိုဂရမ်များ တိုးတက်လာရန်  ဂျပန် ၊ တောင်ကိုရီးယား ၊ တရုတ်နိုင်ငံတို့မှ ယဉ်ကျေးမှုဝန်ကြီးများ သဘောတူညီခဲ့ကြသည်။

 

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီး မာဆာဟီကို ရှီဘာယာမာ နှင့် တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီး ပတ်ခ်ယောင်ဝူး နှင့် တရုတ်ယဉ်ကျေးမှုဝန်ကြီး လျူအို ရှူဂျန် တို့သည် တောင်ကိုရီးယားမြို့တော်တွင် ကျင်းပသည့် ဆွေးနွေးပွဲ အပြီးသတ်၌ အင်ချွန် ကြေညာစာတမ်းကို ယနေ့လက်မှတ်ရေးထိုးခဲ့ကြသည်။

 

သုံးနိုင်ငံအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေးတွင် အရေးပါသော အခန်းကဏ္ဍများ ပူးပေါင်းပါဝင်လုပ်ဆောင်ကြပြီး ယဉ်ကျေးမှုဖလှယ်ကြသည် ဟု အဆိုပါ ကြေညာစာတမ်းက ဆိုသည်။

 

၂၀၂၂ ပေကျင်း ဆောင်းရာသီ အားကစားပြိုင်ပွဲ နှင့် ၂၀၂၀ တိုကျို အိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများ၏ အောင်မြင်မှုများအတွက် အတူတကွလုပ်ဆောင်ရန်လည်း ယင်းသုံးနိုင်ငံက သဘောတူညီခဲ့ကြသည်။ တိုကျိုအားကစားပွဲများအတွင်း ယဉ်ကျေးမှု အစီအစဉ်များတွင် တရုတ် နှင့် တောင်ကိုရီးယားတို့ ပါဝင်ဆောင်ရွက်ခြင်းကို ၎င်းတို့လေ့လာကြမည်ဖြစ်သည်။

 

ယဉ်ကျေးမှုဆက်နွှယ်သော စက်မှုလုပ်ငန်းများတွင် ကွန်ပျူတာဖြင့်စီစဉ်တုပမှု အပါအဝင် နည်းပညာအသစ်များ၏ လုပ်ငန်းသုံး ပရိုဂရမ်များတွင် အကူအညီပေးရန်လည်း ၎င်းဝန်ကြီးများက စီစဉ်ထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို