ဂျပန် တက္ကသိုလ်ကျောင်းသား တစ်ဦး က ရဲစခန်းကို ဝင်ရောက်ပြီး သေနတ်လုယူရန် ကြိုးပမ်းမှုဖြစ်ပွား 

၂၅ ဇန်နဝါရီ

 

လူတစ်ဦးက ဂျပန်နိုင်ငံအလယ်ပိုင်းတိုယာမာ မြို့တော်ရှိ ရဲစခန်းတစ်ခု၌ သေနတ်လုယူရန် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တိုက်ခိုက်သဖြင့် ယင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ တိုက်ခိုက်သူမှာ အသက် ၂၂ နှစ်အရွယ် မာဆာကီ မာအီဒါ ဖြစ်ပြီး တိုယားမား တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မာအီဒါ သည် ယမန်နေ့ နေ့လည်ပိုင်းက ရဲစခန်းသို့ ဝင်ရောက်ခဲ့ပြီး ထိုရဲတပ်ဖွဲ့ဝင် ဦးခေါင်းကို တူဖြင့်ထုရိုက်ကာ မျက်နှာကို ဓားဖြင့်ခုတ်ခဲ့သော်လည်း ထိုရဲတပ်ဖွဲ့ဝင် မှာ မာအီဒါကို အနိုင်ရပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

mdn

 

မာအီဒါ က  မိမိလုယူရန် ကြိုးစားသည့် သေနတ်ဖြင့် မိမိကိုယ်ကို သတ်သေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့ဝင်၏ ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို