ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa နှင့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ၊ ရွှေတိဂုံစေတီတော်အား ဖူမြော်ကြည်ညို

ရန်ကုန် ၁၁ ဒီဇင်ဘာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖိတ်ကြားချက်အရ ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

ဂျပန်ဘုရင့်မျိူးနွယ် မင်းသမီးနှင့်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

df23f

 

ညပိုင်းတွင် ဂျပန်ဘုရင့်မျိုးနွယ်မင်းသမီး Yuko Mikasa နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားဖူးမြှော်ကြည်ညိုကြသည်။

 

g43w

 

ဂျပန်ဘုရင့်မျိုးနွယ်မင်းသမီးသည် ရွှေတိဂုံစေတီတော် အင်္ဂါနံထောင့်၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ ဆက်ကပ်လှူဒါန်းပြီး စေတီတော်အား လက်ယာရစ် လှည့်လည်ဖူးမြှော်ကြည်ညိုသည်။

သတင်းစဉ်

 

fefw3