ဂျပန်လူမျိုးတစ်ဦးအား မူးယစ်မှောင်ခိုမှုဖြင့် ကမ္ဘောဒီးယား ဖမ်းဆီး

၁၈ ဖေဖော်ဝါရီ

 

ဂျပန်လူမျိုးတစ်ဦးသည် စိတ်ကြွဆေးများအား တိုင်းပြည်ပြင်ပသို့ မှောင်ခိုပြုလုပ်ရန်ကြိုးပမ်းမှုဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မြို့တော် ဖနွမ်းပင်ရှိ ဂျပန်နိုင်ငံသံရုံးမှ ဖမ်းဆီးမှုအား အတည်ပြုခဲ့သည်ဟု ဆိုသည်။

 

အသက်၇၂ နှစ်အရွယ် ဆူနီချီ နန်ကာရာသည် ပြီးခဲ့သည့်အပတ်အင်္ဂါနေ့က ခရီးသွားဧည့်သည့်အဖြစ် ရောက်ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

 

69

 

၎င်းသည် စနေနေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့စဉ် လေဆိပ်တွင်းတွင် စိတ်ကြွဆေး ၁ ဒသမ ၇ ကီလိုဂရမ်ကို ၎င်း၏ အိတ်အတွင်းသိုဝှက်၍ ယူဆောင်လာခဲ့သည် ဟု ဆိုသည်။

 

သံသယရှိသူ တရားခံက ကမ္ဘောဒီးယားသို့ မှောင်ခိုလုပ်ငန်းဖြင့် သွားရောက်ခဲ့ကြောင်း ရဲများကပြောကြားသည်။

 

၎င်းအား ဂါနာနိုင်ငံသားအဖြစ်ခံယူထားသည့် ဂျပန်နိုင်ငံသားက ငှားရမ်းခဲ့သည်ဟု ဆိုသည်။

 

၎င်းအား ဖနွမ်းပင်တွင် နေထိုင်သည့် နိုက်ဂျီးရီးယားလူမျိုးတစ်ဦးထံမှ မူးယစ်ဆေးဝါး ယူဆောင်ရန် ညွှန်ကြားခဲ့သည် ဟု ဆိုသည်။

မှောင်ခိုလုပ်ငန်းတွင် ရာဇ၀တ်ဂိုဏ်း တစ်ခုပါဝင် ပတ်သက်မှု ရှိ မရှိကို ရဲများက စုံစမ်းလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်