ဂျပန်မြန်မာချစ်ကြည်ရေး (၂၄)ကုတင်ဆံ့ လူနာဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲကျင်းပ

မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ဂျပန်မြန်မာချစ်ကြည်ရေး (၂၄)ကုတင်ဆံ့ လူနာဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို၊ မြို့နယ် ပြည်သူ့ဆေးရုံ၀င်းအတွင်း  အဆိုပါအဆောင် သစ်ရှေ့တွင် နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ ဂျပန်သံရုံးမှ သံမှူးကြီး မစ္စ တိုရူမအဲဒါ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းဦးနှင့်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး မျိုးငြိမ်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သော  (၂၄)ကုတင်ဆံ  လူနာဆောင်မှာ အလျား ပေ ၁၀၀ အနံ ပေ၃၀ရှိပြီး ယခင် ကျောက်တော်မြို့ တွင် (၁၆)ကုတင်ဆံ ဆေးရုံဖြစ်၍ လူနာနှင့်ဆေးရုံမှာ မမျှမတဖြစ်နေသဖြင့် ဂျပန်မြန်မာ ချစ်ကြည်ရေးအစီအစဉ်အရ ပြည်သူများ သက်တောင့်သက်သာ ဆေးါးကုသမူခံယူနိုင်ရန်နှင့်၊ ပြည်သူများကျန်းမာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဂျပန်မြန်မာချစ်ကြည်ရေး အစီအစဉ်အရ ယခုကဲ့သို့ ဆောက်လုပ်လှူဒါန်းရခြင်း အကြောင်းကို ဂျပန်သံမှူးကြီး မစ္စတိုရူမအဲဒါ က ပြောကြားခဲ့သည်။
 
 
မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့်၊ မြို့နယ်အထောက်အကူပြု ကော်မတီ၀င် ဦးမောင်အေးသိန်းတို့ က ယခုကဲ့သို့ လူနာ(၂၄)ကုတင်ဆံ့ဆေးရုံ အဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းကို ပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဂျပန်မြန်မာချစ်ကြည်ရေး ဆေးရုံအဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို  ဂျပန်သံရုံးမှသံမှူးကြီး  မစ္စတိုရူမအဲဒါ က မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းဦး ထံလွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ဂျပန်မြန်မာချစ်ကြည်ရေး(၂၄)ကုတင်ဆံ့ ဆေးရုံဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲသို့ ဂျပန်သံရုံးမှသံမှူးကြီးနှင့် တာ၀န်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်အထောက်အကူပြု ကော်မတီများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ စုံညီစွာ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
 
 
တင်လှိုင်(IPRD)