ဂျပန်နိုင်ငံ အိုကီနာဝါကမ်းလွန် တွင် ပြင်းအား ၅ ဒသမ ၄ ပမာဏ ငလျင်လှုပ်ခတ်

၂၉ ဇန်နဝါရီ

 

ဂျပန်နိုင်ငံ အိုကီနာဝါကမ်းလွန်တွင် ယနေ့မနက်ပိုင်းက  ပြင်းအား ၅ ဒသမ ၄ ပမာဏ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ယနေ့ မနက် ဒေသစံတော်ချိန် ၈ နာရီ ၃၉ မိနစ်က ထိုငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ၎င်းငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၇ ဒသမ ၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၁၂၆ ဒသမ ၇ ဒီဂရီ နှင့် အနက် ၃၀ ကီလိုမီတာရှိသည်ဟု သိရသည်။

 

အဆိုပါ ငလျင်သည် အိုကီနာဝါ စီရင်စု အချို့နေရာများတွင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်သည်  ဂျပန်နိုင်ငံမြေငလျင်ပြင်းအားအဆင့် ခုနစ် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို