ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း မီရာဂီစီရင်စု၌  တိုကျိုအိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်

ဇွန် ၂၁

 

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း မီရာဂီစီရင်စု၏ ကမ်းရိုးတန်းဒေသများတွင် တိုကျိုအိုပံပစ်မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်းကို ဇွန် ၁၉ ရက်က စတင်လုပ်ဆောင်ခဲ့သည်။

 

အိုလံပစ်မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်သည့် ဒုတိယနေ့ဖြစ်သော ဇွန် ၂၀ တွင် ကမ်းရိုးတန်းဒေသများရှိ မြို့ခုနစ်မြို့ကို ချီတက်ကာ ထိုမီးရှူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သည်။

 

ဟီဂါရှီ မတ်ဆူရှီးမားမြို့တွင်  အိုလံပစ်မီးတောက်ဖြင့်မီးထွန်းညှိထားသည့် လက်ဆွဲမီးအိမ်ကို မီးရထားဖြင့် သယ်ဆောင်ခဲ့သည်။

 

မတ်ဆူရှီးမားမြို့ မတ်ဆူရှီးမားပင်လယ်အော်တွင် ထိုလက်ဆွဲမီးအိမ်ကို အပျော်စီး သင်္ဘောတစ်စီးဖြင့် သယ်ဆောင်သည်။

 

အိုလံပစ်မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်သည့် ဒုတိယမြောက်နေ့တွင် မီးရှူးတိုင်သယ်ဆောင်မှုကို တိုကျိုအိုလံပစ် အားကစားပွဲများကျင်းပသည့် ဘောလုံးကစားကွင်းများအနက် တစ်ခုဖြစ်သော ရီဖူမြို့တွင် အဆုံးသတ်ခဲ့သည်။

 

မီရာဂီစီရင်စု၌ အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်သည့် နောက်ဆုံးနေ့ဖြစ်သော ဇွန် ၂၁ ရက်တွင် ယူရီဂီခရိုင်ရှိ နာတိုရီမြို့အပါအဝင် မြို့ငါးမြို့ကို ဖြတ်သန်းကာ မီးရှူးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်မှု ပြုလုပ်နေသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို