ဂျပန်နိုင်ငံ၏(MEXT) မှ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့်  Undergraduate Students Scholarship Program များ အတွက် စတင်စာရင်း ပေးသွင်းနိုင်

ရန်ကုန် ဧပြီ ၂၄

ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့်  Undergraduate Students Scholarship Program များအတွက် ဧပြီ ( ၂၃ ) ရက်ကပင် စတင်ကာ စာရင်းပေးသွင်းနိုင်နေပြီ ဖြစ်ပြီး မေ( ၆ ) ရက်တွင်  လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်းက အသိပေး ကြေငြာထားသည်။

လျှောက်ထားရန် ပညာအရည်အချင်း လိုအပ်ချက်အနေဖြင့်Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သိုမဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများတွင် အမှတ်ပေါင်း ၆၀% အထက် ရရှိထားသူများ၊College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့် အထက် (သိုမဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ*တွင် အမှတ်ပေါင်း ၅၀% အထက် ရရှိထားသူများလျှောက်ထားနိုင်ကြောင်း ပါရှိသည်။

MEXT မှ သတ်မှတ်ထားသည့် Guidelines အရ လက်ရှိ မြန်မာနိုင်ငံတွင်း နေထိုင်သူများ သာလျှောက်ထားနိုင်ကြောင်းသိရပြီး  လျှောက်လွှာလက်ခံရက်မှာ စာရင်းသွင်းခြင်း (Google Form) ကို ဧပြီ ၂၃ရက်မှ မေ၇ ရက်ညနေ ၄နာရီအထိ လည်းကောင်း၊ လျှောက်လွှာစာရွက်စာတမ်းများ ပေးပိုတင်သွင်းခြင်းကို မေ၆ရက်မှ ၁၁ရက် ညနေ ၄နာရီအထိ လည်းကောင်းသတ်မှတ်ထားပြီး၊ ဧပြီ ၂၃ရက်မှ မေ၇ ရက်အတွင်းGoogle Form တွင် စာရင်းသွင်းထားခြင်းမရှိပါက လျှောက်လွှာစာရွက်စာတမ်းများအား လက်ခံမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား MAJA ရုံးခန်းသို လူကိုယ်တိုင်/ ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပိုများ မှတဆင့်ဖြစ်စေ မေလ၁၁ ၇က် ညနေ ၄း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။ 

Academic Transcript(s) for all school/ university years အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ (သိုမဟုတ်) တက္ကသိုလ် ပထမနှစ် တက်ရောက်နေသူဖြစ်ပါက တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူ တင်ပြရမည်ဖြစ်ပြီး တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသူဖြစ်ပါက တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူနှင့်တကွ တက်ရောက်ခဲ့ပြီးသော စာသင်နှစ်များ၏ အမှတ်စာရင်းများကိုပါ တင်ပြရမည်ဖြစ်သည်။ နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲ ဖြေဆို ထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲများ၏ အမှတ်စာရင်းမိတ္တူများအား တင်ပြရမည်ဟုသိရပြီး Certificate of Graduation of School အတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (သိုမဟုတ်) နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲ ဖြေဆိုထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲအောင် လက်မှတ်မိတ္တူကို တင်ပြရမည်ဟုပါရှိသည်။

ဧပြီလ ၂၃ရက်မှ မေလ ၇ ရက်အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို အလိုအလျောက်ဝင်လာမည့် response email အား screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ 

လျှောက်လွှာနှင့် ပညာအရည်အချင်း အထောက်အထားများ စိစစ်၍ သတ်မှတ်ချက်နှင့်ပြည့်စုံသော လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ရရှိသူစာရင်းကို မေလ၁၅ ရက်တွင်ကြေငြာသွား မည်ဖြစ်ပြီးရေး ဖြေစာမေးပွဲကို မေလ ၁၈ ရက်တွင်ကျင်းပမည်ဖြစ်ကာ ပဏာမအဆင့် အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဆက်လက်ရွေးချယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပါရှိသည်။

MT