ဂျပန်နိုင်ငံက တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာလတွင် စတင်မည်

တိုကျို အောက်တိုဘာ ၁၃

 

ဂျပန်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုကို ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ယမန်နေ့တွင် ပြောကြားသည်။

 

ဂျပန်နိုင်ငံသည် အနည်းဆုံး လွန်ခဲ့သည့်ရှစ်လအတွင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးခဲ့သူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရန် ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လကတည်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅ နှစ် အထက် အသက်အရွယ်ရှိသူများအား စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်