ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် နှစ်ဦးသေဆုံးပြီး လူပေါင်း ခုနှစ်သိန်းနီးပါးကို ရွှေ့ပြောင်းရန် သတိပေး

၂၈ သြဂုတ်

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တဲ့အတွက် လူပေါင်း ၆၇၀ဝ၀ဝ ကို လုံခြုံတဲ့နေရာ ပြောင်းရွေ့နေထိုင်ရာ အမိန့်ပေးထားခြင်း ဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ကားထဲကနေ ထွက်ဖို့ ကြိုးစားရင် လူ ၂ ဦးသေဆုံးပြီး  မြစ်ရေလျှံတဲ့အတွက် မြေပြိုခြင်း၊ နေအိမ်ပြိုကျခြင်းတွေ ဖြစ်ပေါ်နေပါတယ်။ 

ဂျပန်နိုင်ငံ ကျူရှူးကျွန်းရဲ့ မြောက်ပိုင်းရှိ လူတစ်သန်းနီးပါးကိုလည်း သူတို့နေအိမ်တွေကနေ ပြောင်းရွှေ့နေထိုင်ဖို့ မိုးလေဝသဌာနက သတိပေးနေပါတယ်။

လာမယ့်နာရီပိုင်းအတွင်းမှာ အခုထက်ဆိုးတဲ့ အပျက်အစီးတွေ ဖြစ်နိုင်တယ်လို့ အစိုးရပြောခွင့်ရှိသူက ပြောပါတယ်။ 

လူတွေကို နေအိမ်တွေကနေ ရွှေ့ပြောင်းဖို့ ဆိုရာမှာ မလုပ်မနေရ မဟုတ်ပေမယ့် တာဝန်ရှိသူတွေက ဒေသခံတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းပြောဆိုပါတယ်။
 
ဆာဂါ၊ ဖူကိုဒါ နဲ့ နာကာဆာကီ ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် အပျက်အစီးပျက်ဖြစ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။ အဲဒီဒေသတွေမှ ရထားလိုင်းတွေ ပိတ်ထားရသလို လမ်းတွေလည်း ပိတ်ထားရတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ အနှောက်အယှက်ဖြစ်နေကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ နွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် နိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၂၀ဝ ကျော်သေဆုံးခဲ့တဲ့အတွက် ဒေသခံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP