ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်

တိုကျို၊ ၂ ဒီဇင်ဘာ

 

ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်လို့ လွှတ်တော်က ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ဆုံးဖြတ်ကြောင်း သိရပါတယ်။

 

ဂျပန်နိုင်ငံတွင် နေထိုင်သူ ၁၂၆ သန်းရှိပြီး အဲဒီလူဦးရေ အားလုံးအတွက် ကာကွယ်ဆေးကို အစိုးရကနေ အကုန်ကျခံပြီး ထိုးနှံပေးသွားမှာဖြစ်ကြောင်း အောက်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

 

Pfizer ဆေးကုမ္ပဏီမှ ဆေးအလုံးပေါင်း သန်း ၆၀၊ Modernaမှ ၂၅ သန်း၊ AstraZeneca ဆေးကုမ္ပဏီမှ သန်း ၁၂၀ ကို ဂျပန်နိုင်ငံကနေ မှာယူထားပြီးကြောင်း သိရပါတယ်။

 

အမေရိကန်နဲ့ ဉရောပနိုင်ငံတွေဟာ Pfizer နဲ့ Moderna ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုမှုတောင်းခံနေကြကြောင်း သိရပါတယ်။

 

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၅၀,၀၀၀ ဦးနဲ့ သေဆုံးသူ ၂,၁၀၀ နီးပါးရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်မှုမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်ခြင်းမရှိတာကို တွေ့ရပါတယ်။

 

အခုသီတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေနေရတဲ့အတွက် တိုကျိုအုပ်ချုပ်ရေးမှုက နေအိမ်တွေမှာ နေထိုင်ရန်၊ အရေးကိစ္စ အကြီးအငယ်မရှိရင် အပြင်မထွက်ရန်နဲ့ အရက်သေစာရောင်းချတဲ့ ဘားနဲ့ စားသောက်ဆိုင်တွေကို စောစောပိတ်ရန် ညွှန်ကြားထားပါတယ်။

 

MDN

ကိုးကား - AFP