ဂျူဗင်တပ် နောက်တန်းကစားသမား ဒီလစ်ကို ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၆၅ ဒသမ ၆ သန်းဖြင့် ခေါ်ယူ

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှ နယ်သာလန်နောက်တန်းကစားသမား ဒီလစ်ကို ပြောင်းရွှေ့ကြေးပေါင် ၆၅ ဒသမ ၆ သန်းနဲ့ ခေါ်ယူ လိုက်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်တန်းကစားသမား ဒီလစ်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက နယ်သာလန်ကလပ် အေဂျက်အသင်းကနေ အီတလီစီးရီးအေ ချန်ပီယံဆုဖလားကို (၃၆)ကြိမ်အထိ ရယူဆွတ်ခူးထားတဲ့ ဂျူဗင်တပ်အသင်းဆီ ငါးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်း နဲ့အတူ ဘောလုံးရာသီ သုံးရာသီကြာ ပွဲထွက်ကစားခဲ့ပြီးလည်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဒီလစ်ဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၁၁၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ရာမှာ အီတလီစီးရီးအေဖလားတစ်ကြိမ်နဲ့ ကိုပါအီတာလီယာဖလား တစ်ကြိမ်တို့ကို ရယူဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်