ဂျူဗင်တပ်ကစားသမားများ အတ္တကြီးစွာ ကစားနေဟု နည်းပြ ပီယာလို ရှုမြင်

၅  နိုဝင်ဘာ

ဂျူဗင်တပ်အသင်းက ဖီရန်ဘာရို့စ်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်  အဲဒီပွဲမှာ ဂျူဗီကစားသမားတွေအနေနဲ့ အသင်းလိုက် စုစည်းပြီး ကစားတာထက် တစ်ဦးကောင်း တစ်ယောက်ကောင်း  အတ္တကြီးကြီး ပုံစံနဲ့ ကစားခဲ့တာကြောင့် သူ့အနေနဲ့ ပွဲရလဒ်ကောင်းခဲ့ပေမယ့် မပျော်ရွှင်ရကြောင်း ဂျူဗင်တပ်နည်းပြ ပီယာလိုက ဆိုပါတယ်။

 

အဲဒီပွဲမှာ ဂျူဗီအတွက် ပုံစံကောင်းတွေ ဆက်လက်ပြသနေတဲ့  မိုရာတာက နှစ်ဂိုးနဲ့ ဒီဘားလားက တစ်ဂိုး သွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကတော့ ဖီရန်ဘာရို့စ် ကစားသမား ဒက်ဘာလီက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့လို့ ရရှိခဲ့တာပါ။

 

ပီယာလိုရဲ့ အမြင်အရ အသင်းတစ်သင်းဟာ အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ ကစားနိုင်ခြင်းက ဂိုးသွင်းသေသပ်တဲ့ တိုက်စစ်မှူးတွေကြောင့် ဂိုးတွေ ရရှိပြီး တစ်ပွဲကောင်း ရလဒ်ရရှိခြင်းထက် ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မေလဲ့သင်း