ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း ပွဲကြည့်စင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အသစ်ပြန်လည်တည်ဆောက်လျက်ရှိ

ဟားခါး  ၂၂  ဇူလိုင်       

          

၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်ကတည်ဆောက်ခဲ့သော ချင်းပြည်နယ် ဟားခါး မြို့ဝမ္မသူးမောင်အားကစားကွင်း၏ ပွဲကြည့်စင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ ယနေ့ထိလုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာန ပြည်နယ်ဉီးစီးမှူး ညွှန်ကြားရေးမှူး ဉီးသန်းအောင်ထံမှ သိရသည်။

 

“ချင်းပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဝမ္မသူးမောင်အားကစားကွင်းကြီးကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်က တည်ဆောက်ခဲ့ပြီး ပွဲကြည့်စင်ကို ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေ ၆၃၃ ဒသမ ၆ သန်းနဲ့ အသစ်ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။ ပွဲကြည့်စင်ရဲ့အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ စုစုပေါင်းအလျား ပေ ၄၀၀၊ အနံ ၄၅ ပေရှိပြီး အဆင့်(၁၈)ဆင့်ပါ RC အမျိုးအစားဖြစ်ပါတယ်” ဟု ချင်းပြည်နယ်အားကစားနှင့် ကာယပညာဉီးစီးဌာန ပြည်နယ်ဉီးစီးမှူးက ပြောသည်။

 

အဆိုပါ ပွဲကြည့်စင်များကို ဟားခါးမြို့ ရုန်းမိသားစု ကုမ္ပဏီလီမီတက်က တာဝန်ယူကာ ယခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရုန်းမိသားစုကုမ္ပဏီမှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများကလည်း နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)