ဟားခါးမြို့ပေါ်တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိဘဲ ပြင်ပထွက်ရှိသူ ၅၃ ဦးအား        မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ အရေးယူ

ဟားခါး           ၂၅           ဇွန်                          

 

ချင်းပြည်နယ် ဟားခါးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း  ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပမထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီက လိုက်လံအသိပေး နိူးဆော်ခြင်းနှင့်အတူ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ ရက်တွင် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်သူ ၅၃ ဦးကို  မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါများနှိမ်နင်းရေးဉပဒေပုဒ်မ (၁၅)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ် ဟားခါးမြို့အတွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင်  မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ လမ်းဆုံနေရာများတွင် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်သူများ ကို ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်တယ်လို့  မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဉက္ကဌ ဦးမြင့်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဒေသခံပြည်သူများ အလေးထား နေထိုင်မှုလျော့ကျမသွား စေဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာပေး နှိုးဆော်သည့်လုပ်ငန်းများနှင့်အတူ စစ်ဆေးအရေးယူမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း         ဟားခါးမြို့နယ်  ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

 

ခရိုင်ပြန်/ဆက်