ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဟားခါး ဩဂုတ် ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ် ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှူးနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်စစ်ဆေးခဲ့သည်။ ဟားခါးမြို့နယ်အတွင်းရှိ ဆေးဆိုင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)