ဟာဝါရီမှာ ဆေးလိပ် တရားဝင်သောက်နိုင်တဲ့ အသက် ၁၀ဝ အထိ တိုးမြှင့်ဖို့ စဉ်းစားနေ

၇ ဖေဖော်ဝါရီ

 

အမေရိကန်နိုင်ငံ ဟာဝါရီမှာ ဆေးလိပ်တရားဝင် ဝယ်ယူခွင့်ကို အသက် ၁၀ဝ အထိ တိုးမြှင့်ရန် ပြည်နယ်လွှတ်တော်အမတ်က ဥပဒေပြဌာန်းဖို့ အဆိုပြုလုပ်နေပါတယ်။ 

 

ဒီမိုကရက် လွှတ်တော်အမတ် ရစ်ချက် ဂရင်ဂန် က ၂၀၂၄ ခုနှစ်အရောက်မှာ ဆေးလိပ်သောက်မှုကို ပိတ်ပင်နိုင်ရင် လွတ်တော်ကို အဆိုပြုတင်ပြထားတဲ့  ဥပဒေမှာ ပါရှိပါတယ်။ လွှတ်တော်မတ်ရဲ့ အဆိုအရ လူ့သမိုင်းမှာ သေဆုံးမှုဖြစ်နိုင်ဆုံး ပစ္စည်းလို့ ခေါ်ဆိုထားပြီး ပိတ်ပင်ဖို့အတွက် အထူးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။ 

 

ဟာဝါရီမှာ ဆေးလိပ်ဝယ်ယူခွင့်နဲ့ပတ်သတ်ပြီး လက်ရှိမှာ တင်းကျပ်တဲ့ဥပဒေ ရှိပြီးသားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတဝန်းမှာ ဆေးလိပ်ဝယ်ယူခွင့်ကို အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ် သတ်မှတ်ထားချိန်မှာ ဟာဝါရီမှာ အသက် ၂၁နှစ် ပြည့်ပြီးမှ ဝယ်ယူခွင့်ရရှိမယ်လို့ သတ်မှတ်ထားပါတယ်။ 

 

လွှတ်တော်အမတ် ရစ်ချက် ဂရင်ဂန် ရဲ့ အဆိုပြု ဥပဒေထဲမှာ ၂၀၂၀ မှာ အသက် ၃၀ ပြည့်မှ ဆေးလိပ်ဝယ်ခွင့် ရရှိရေး၊ ၂၀၂၁ မှာ အသက် ၄၀ ၊ ၂၀၂၂ ခုနှစ်မှာ ၅၀ ၊ ၂၀၂၃ ခုနှစ်မှာ ၆၀  နှင့် ၂၀၂၄ ရောက်ချိန်မှာ အသက် ၁၀ဝ အထိ တိုးပြီးကန့်သတ်ဖို့ ပါရှိပါတယ်။ 

 

လူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့က အဓိကဖြစ်တယ်။ လူတွေကို ဆေးလိပ်ဝယ်ယူခွင့်ကို လွတ်လပ်ခွင့်မပေးသင့်ဘူး။ ဥပမာ ဆေးစာနဲ့ ဝယ်ယူရတဲ့ ဆေးလိုမျိုးပေါ့။ ဆေးစာနဲ့ဝယ်ယူရတဲ့ ဆေးထက်ပိုပြီး ကြောက်စရာကောင်းတယ် ပိုပြီးစွဲလန်းစေတယ်လို့ လွှတ်တော်အမတ် ရစ်ချက် ဂရင်ဂန်က ပြောပါတယ်။ 

 

အမေရိကန်နိုင်ငံမှာ ဆေးလိပ်နဲ့ပတ်သတ်တဲ့ ရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ၅သိန်းလောက် ရှိကြောင်း ရောဂါကာကွယ်ရေးနဲ့ ထိန်းသိမ်းရေးဌာန က ပြောပါတယ်။ 

 

MDN
ကိုးကား - AFP