ဟော်ကီပြိုင်ပွဲ၌ Liga Pro Team အသင်းက Games of the Future ၏ ဒိုင်းဆု ဆွတ်ခူးရရှိ

 

ကာဇန်၊ ဖေဖော်ဝါရီ ၂၄

Liga Pro Team အသင်းသည် ရုရှားနိုင်ငံကာဇန်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသော Games of the Future ၏ phygital hockey ဖိုင်နယ်ပွဲတွင် COSMOS X17 အသင်းကို အနိုင်ယူခဲ့သည်။

Games of the Future ပွဲတော်ရှိ Betting League ၏ Phygital Hockey ပြိုင်ပွဲ၏ ပဉ္စမမြောက်နေ့အဖြစ် ယနေ့ပြီးဆုံးသွားပြီဖြစ်သည်။

ထို့အပြင် တတိယနေရာလုပွဲတွင် သရေကျနေသော အသင်းနှစ်သင်းအား အဆုံးအဖြတ်ပေးမည့်ပွဲတွင် Kazan Ak Bars အသင်းက Latvian Baltic Select အသင်းကို ၂၀-၄ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရေခဲပြင်ပေါ်ကစားပွဲတွင် ကာဇန်အသင်းက ၁၄ ဂိုး သွင်းယူပြီး တစ်လုံးတည်းသာ ပြိုင်ဘက်အား ဂိုးပေးသည့်အတွက် ဆုငွေ ရုရှားငွေ ရူဘယ် ၇ သန်း ရရှိခဲ့သည်။

ဖိုင်နယ်ပွဲတွင် Liga Pro Team အသင်းက ၎င်း၏တစ်ပြည်တည်းသားအသင်း COSMOS X17 ကို ပင်နယ်လ်တီ အဆုံးအဖြတ်ဖြင့် ၄-၃ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိသည်။

တစ်နေ့တာရမှတ်များ

Ak Bars (ရုရှား) vs Baltic Select (လတ်ဗီးယား) - ၂၀-၄ ။

Liga Pro အသင်း (ရုရှား) vs COSMOS X17 (ရုရှား) - ၄-၃ ။

The Games of the Future သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ဒိုမိန်းများ၊ (ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့်ရောစပ်ထားသည့် 'phygital'၊ စစ်မှန်ပြီး ပကတိနီးပါးရှိသည့်လူ့လောကတွင် ကစားသမားများ၏ စွမ်းဆောင်ရည်များ စမ်းသပ်ခြင်းများဖြင့် ပြိုင်ပွဲများကို ပေါင်းစပ်ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုးကား - RT

ဘာသာပြန် - ဂျေတီ