ဟော့ကိုင်းဒိုး အသွားအပြန်လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဆီးနှင်းများထူထပ်မှုကြောင့် ဖျက်သိမ်း

ဖေဖော်ဝါရီ ၂၂

 

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးစီရင်စုတွင် ဆီးနှင်းများထူထပ်မှုကြောင့် အသွားအပြန် လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

 

ဆပ်ပိုရိုအနီး နယူးချီတိုလေဆိပ်နှင့် တိုကျိုမြို့ရှိ ဟန်နီဒါလေဆိပ်အကြားရှိ လေကြောင်းခရီးစဉ်များအပါအဝင် ဂျပန်အဲလိုင်းလေကြောင်းခရီးစဉ် ၆၄ ခု၊ အောနစ်ပွန်လေကြောင်းခရီးစဉ် ၆၁ ခုကို ယနေ့မွန်းလွဲပိုင်းက ဖျက်သိမ်းခဲ့သည်။

 

နယူးချီတိုလေဆိပ်တွင် လေယာဉ်ပြေးလမ်းနှစ်ခုကို ပိတ်ထားခဲ့သည်။

 

ဟော့ကိုင်းဒိုးလေဆိပ်များတွင်  ဝန်ဆောင်မှုများကို ဖေဖော်ဝါရီ ၂၃ ရက်မနက်ပိုင်းတွင် ပြန်လည်စတင်ရန်စီစဉ်ထားသော်လည်း ရာသီဉတုအခြေအနေအရ ထပ်မံနှောင့်နှေးမှုများ ဖြစ်စေနိုင်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို