ဟော့ကိုင်းဒိုခရိုင်၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ် ၂၀၂ ခု ဖျက်သိမ်းခဲ့ရ

ဟော့ကိုင်းဒိုး ဖေဖော်ဝါရီ ၂၃

 

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်၌ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ် ၂၀၂ ခု ဖျက်သိမ်းခဲ့ရကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းအထိ ဂျပန်လေကြောင်းလိုင်းက လေကြောင်း၊ ခရီးစဉ် ၆၄ ခု ဖျက်သိမ်းခဲ့ရပြီး ANA လေကြောင်းလိုင်းကလည်း တိုကျိုမြို့၏ ဟာနီဒါလေဆိပ်နှင့် ချီတိုဆီလေဆိပ်သစ်တို့အကြား ပြေးဆွဲပျံသန်း လျက်ရှိသည့် လေကြောင်း ခရီးစဉ်များအပါအဝင် လေကြောင်းခရီးစဉ် ၆၁ ခု ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

 

ဟော့ကိုင်းဒိုးခရိုင်နှင့် အိုဆာကာခရိုင်တို့အကြား ပြေးဆွဲပျံသန်းနေသည့် ANA လေကြောင်းခရီးစဉ်အများစုကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ။

 

ဟော့ကိုင်းဒိုးလေဆိပ်၌ လေကြောင်းခရီးစဉ်များကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ပြန်လည်စတင်ရန် စီစဉ်ထားခဲ့သော်လည်း ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မှုဆက်လက် နှောင့်နှေးလိမ့် မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးထုတ်ပြန်သည့်အချက်အလက်များကို သိရှိရန်အတွက် လေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုက်များကို စစ်ဆေးရန်လည်း ခရီးသည်များအား ဟော့ကိုင်းဒိုး လေဆိပ်မှ တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။ ။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - အလင်းသစ်