ဟေတီငလျင်ကြောင့် သေဆုံးသူ ၃ဝ၄ ဦးရှိလာပြီး မြေပြိုမှုများကြောင့် အဓိကလမ်းမကြီး ပိတ်ဆို့မှုဖြစ်ပေါ်

 

ပေါ်တို ဩဂုတ်  ၁၆

ဟေတီနိုင်ငံတွင်ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျူးရှိသော ငလျင်လှုပ်ခဲ့ရာ ၃ဝ၄ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ရာ အဓိကလမ်းမကြီးလည်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရသည်ဟု ဟေတီအာဏာပိုင်များက ဩဂုတ် ၁၄ ရက်တွင်ပြေသည်။

အမှတ် ၇ အဝေးပြေးလမ်းမကြီးမှာ တောင်ပိုင်းမြို့များဖြစ်သည့် လက်စ်ရော့စ်နှင့် ဂျရယ်မီမြို့တို့ကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးဖြစ်သည်။ အဆိုပါလမ်းမကြီးမှာ မြေပြိုမှုကြောင့် ပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း၊ ပုံမှန်ယာဉ်သွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် ရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများကလည်း အပျက်အစီးများကြား ပိတ်မိနေသည့် ပြည်သူများကို ကယ်တင်မှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များက ပြောသည်။ ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီက ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် ထိခိုက်ခံစားခဲ့ရသူများကို ကယ်တင်နိုင်ရေး လုပ်ဆောင်သွားမည် ဟုပြောသည်။ တောင်ပိုင်းမြို့ စိန့်လူးဝစ် ဒူဆုဒ် မြို့ ၁၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်ကလည်း ဟေတီနိုင်ငံသည် အဖျက်အားကြီးမားသည့် ငလျင်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး လူပေါင်းသုံးသိန်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဟာရီကိန်းမုန်တိုင်းကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့သည်။

ဆင်ဟွာ