ဟီးချောနဲ့ မိုမိုတို့ ချစ်သူတွေမဟုတ်ကြောင်း အေဂျင်စီငြင်းဆို

၇ သြဂုတ်

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကေပေါ့ပ်ကြယ်ပွင့်စုံတွဲတစ်တွဲ ထပ်မံပေါ်ထွက်ကြောင်း သတင်းတွေထွက်လာခဲ့ရာမှာ အဆိုပါ ကြယ်ပွင့်တွေရဲ့အေဂျင်စီတွေက ကောလာဟလတွေကို အချိန်တိုအတွင်းမှာပင် ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ "Super Junior" အဖွဲ့ရဲ့ အဖွဲ့ဝင် ဟီးချောနဲ့ ကျော်ကြားတဲ့အမျိုးသမီးတေးဂီတအဖွဲ့ "TWICE" ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုမိုတို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေပေါ်ထွက်လာရာ နှစ်ဖက်အေဂျင်စီတွေက အဆိုပါကောလာဟလတွေဟာ မှန်ကန်မှုမရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဟီးချောရဲ့ ဖျော်ဖြေရေးအေဂျင်စီက  ဟီးချောနဲ့   မိုမိုတို့   ချစ်သူတွေဖြစ်နေတယ်ဆိုတာ မမှန်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ မိုမိုရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီအန်တာတိန်းမန့်က ကြယ်ပွင့်နှစ်ဦးရဲ့ ကောလာဟလတွေကြို ငင်းဆိုကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

 

လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီးချောနဲ့ ၂၂ နှစ်အရွယ်မိုမိုတို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေဟာ ဩဂုတ် ၆ ရက်မှာ ဒေသတွင်းမီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့ရာကနေ စတင်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမီဒီယာရဲ့ ဖော်ပြချက်အရ ဟီးချောနဲ့ မိုမိုတို့ဟာ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက  စတင်တွေ့ဆုံခဲ့ကြတာဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ   စတင်တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြကြောင်း ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

 

"TWICE" ရဲ့ အခြားသော အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဟိုဟာ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ကန်ဒန်နီရယ်နဲ့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတေ ပေါ်ထွက်ခဲ့ပြီး ဒီသတင်းတွေကိုတော့ အေဂျင်စီက မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။  ချစ်သူရနေပြီဖြစ်ကြောင်း  သတင်းတွေထွက်ခဲ့ပြီးနောက် ကန်ဒန်နီရယ်က သှူရဲ့ ပရိသတ်တွေကို လူမှုကွန်ရက်မီဒီယာပေါ်ကနေတစ်ဆင့် တရားဝင်ထုတ်ဖော်ရှင်းလင်းခဲ့ပေမယ့် ဂျီဟိုကတော့ လက်ရှိအချိန်အထိတစ်စုံတစ်ရာ  ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဂျီဟိုဟာ လက်ရှိမှာ အမေရိကန်နယ်လှည့်ဖျော်ဖြေပွဲတွေကို အခြားသော အဖွဲ့ဝင်တွေနဲ့အတူ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

 

အေးပြည့်