ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းရေယာဉ်နှစ်စီး မီးလောင်

ဟိုင်းကြီးကျွန်း ၃ မတ် 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း အမှတ်(၃)ရပ်ကွက်တွင် ယနေ့ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က ငါးဖမ်းရေယာဉ်နှစ်စီး မီးလောင်ကျွမ်းနေကြောင်း သိရသည်။

 

9

 

အဆိုပါ မီးလောင်ကျွမ်းနေသော ငါးဖမ်းရေယာဉ်ရှိရာသို့ သေခံပြည်သူများနှင့်အတူ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ မီးသတ်ကားနှင့် ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနတို့မှ မီးသတ်ကားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)